mm-link

ကျွန်တော်တို့ mm-link ကို ၂၀၁၆ ခုနှစ် တွင် နေပြည်တော်တွင် စတင်တည်ထောင် ခဲ့ပါသည်။ ကျွန်တော်တို့ mm-link သည်  မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသော  Internet Service Provider License ( NFS & Class ) Network Facilities Service ကို ရရှိထားပြီး အင်တာနက် ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို လက်ရှိလည်ပတ် လုပ်ကိုင်နေသော လုပ်ငန်းဖြစ်ပါသည် ။ mm-link ကို ၂၀၀၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သော Linn IT Solution Co.,Ltd  ၏ လုပ်ငန်းခွဲဖြစ်သော IT Spectrum co.,Ltd ၏ အမှတ်အသား  mm-link အမည်ဖြင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကို နေပြည်တော်တွင် အချေစိုက် လုပ်ကိုင် ဆောင်ရွက် နေသော လုပ်ငန်းဖြစ်ပါသည်။

IT ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကို်င်ရန် အတွက်  IT Spectrum Co.,Ltd ကို ၂၀၁၆ ခုနှစ် နေပြည်တော်တွင် စတင်တည်ထောင်ခဲ့ပါသည်။ IT Spectrum Co.,Ltd သည် IT နည်းပညာနှင့်သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ MICC-1 ကို Maintenance လုပ်ဆောင်ပေးခြင်းလုပ်ငန်းများ၊ MICC-2 တွင် Maintenance လုပ်ဆောင်ခြင်းများ၊ နေပြည်တော်ကောင်စီ တွင် Network လုပ်ငန်းများ  နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ပြည်သူ့ဆက်ဆံရေးအတွက် LED Board များကို Network Control Remote Management System ကို တည်ဆောက်ခြင်းများ ၊ Data Management and Monitoring System ( Zabbix ) စနစ် များ တည်ဆောက်ပေးခြင်း တို့ကိုလုပ်ဆောင်ခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် Internet ကို သုံးစွဲနိုင်စေရန်အတွက် မြန်မာ့ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသော  Internet Service Provider License ( NFS ) နှင့် Internet Service Provider License          (Class) ကို ရရှိထားပြီး Tower တိုင််ထောင်ခြင်းများ၊ Wireless ၊ Fiber Optic Cable သွယ်တန်းခြင်းဖြင့် အင်တာနက် ဝန်ဆောင်မှု ပေးသော လုပ်ငန်းများကို လက်ရှိလည်ပတ် လုပ်ကိုင်နေသော  လုပ်ငန်းဖြစ်ပါသည်။ Internet ဝန်ဆောင်မှုလုပ်ငန်းကို IT Spectrum co.,Ltd ၏ အမှတ်အသား mm-link အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို နေပြည်တော်တွင် အချေစိုက် လုပ်ကိုင် ဆောင်ရွက် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းဖြစ်ပါသည်။

ဝန်ဆောင်မှုလုပ်ကိုင်နေသော လုပ်ငန်းများမှာ –

  •   လစဉ်ပေး အင်တာနက် ဝန်ဆောင်မှု ပေးခြင်း
  •   Prepaid Card ဖြင့် အင်တာနက် ဝန်ဆောင်မှုပေးခြင်း
  •   Enterprise Network Setup ဝန်ဆောင်မှုပေးခြင်း
  •   Fiber Cabling ဝန်ဆောင်မှု ပေးခြင်း
  •  CCTV တပ်ဆင်ပေးခြင်း
  •  Internet Security Service ဝန်ဆောင်မှု ပေးခြင်း
  •  Data Center Solution Service ဝန်ဆောင်မှုပေးခြင်း

Company Vision & Mission

Vision

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တွင်မရှိမဖြစ်လိုအပ်သော ICT နည်းပညာ အခန်းကဏ္ဍတွင် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်

( Connecting people and community )

Mission

ပြည်သူလူထု အတွက် Internet ဝန်ဆောင်မှုကို လူတိုင်းသုံးနိုင်သော သင့်တင့်သော စျေးနှုန်းဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန်

ကျွန်တော်တို့ mm-link  ၏ မိခင်ကုမ္ပဏီ IT Spectrum Co.,Ltd သည် နေပြည်တော်တွင်  ၂၀၁၅ ခုနှစ် မှစတင်ပြီးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင် လာခဲ့ခြင်းဖြစ်ပါသည် ။ IT Spectrum အနေဖြင့် နေပြည်တော်တွင် CCTV တပ်ဆင်ခြင်း လုပ်ငန်းများ ၊  Network ဝန်ဆောင်မှု လုပ်ငန်းများ နှင့် Fiber ဝန်ဆောင်မှုလုပ်ငန်းများ ၊ WIFI Internet ဝန်ဆောင်မှုလုပ်ငန်းများ ၊ DATA Center ဝန်ဆောင်မှုလုပ်ငန်းများ ၊ Internet Security ဝန်ဆောင်မှုလုပ်ငန်းများ နှင့် နှစ်စဉ် Maintenance ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ပေးနေသော လုပ်ငန်းဖြစ်ပါသည် ။