mm-link FTTH သုံးစွဲသူများသိရှိရန်အချက်အလက်များ

  • အောက်ပါတို့ကို ဆောင်ရွက်ရန် ကျွန်ုပ်တို့သည် သင်၏ ပုဂ္ဂလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို အသုံးပြုနိုင်ပါသည်။
    • ဝန်ဆောင်မှုများပေးရန်နှင့်ဝန်ဆောင်မှုများတိုးတက်ကောင်းမွန်အောင်ဆာင်ရွက်ရန်။
    • အကြောင်းကြားစာများ၊ သတိပေးချက်များနှင့် ငွေတောင်းခံလွှာများပေးပို့ခြင်း အပါအဝင် ငွေပေးချေမှု ကောက်ခံမှု‌ ဆောင်ရွက်ရန်။
    • လက်ရှိ သင်အသုံးပြုနေသော ဝန်ဆောင်မှုများနှင့် ရရှိနိုင်သော အကျိုးခံစားခွင့်များ အကြောင်း သတင်းအချက်အလက်များကို သင့်ထံပေးအပ်ရန်။
    • သင်စိတ်ဝင်စားနိုင်သောထုတ်ကုန်များနှင့်ဝန်ဆောင်မှု့များအကြံပြုရန်။
  • mm-link မှ တပ်ဆင်ပေးထားသော ပစ္စည်းများမှာ အငှားချထားပေးခြင်းသာဖြစ်ပါသည်။ အသုံမပြုတော့ပါက ‌ပြန်ဖြုတ်သိမ်းမည်ဖြစ်ပါသည်။
  • Internet (၃)လ အသုံးပြုခွင့် စာချုပ်
    • (၃)လ စာချုပ်တွင် စပေါ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး၊ (၆)လ သုံးစွဲ ပြီးပါက စပေါ်ငွေပြန်အမ်းပေးပါမည်။  သုံးစွဲမှုသက်တမ်း (၃)လ ပြည့်ပီး (၇)ရက်အတွင်း  သက်တမ်းမတိုးပါက လိုင်းပိတ်ပြီး စက်ဖြုတ်သိမ်းသွားပါမည်။ (စပေါ်ငွေ ပြန်အမ်းမည် မဟုတ်ပါ)
    • သုံးလ အတွင်း ယာယီ လိုင်း ပိတ်ခြင်း ဆောင်ရွက်ခွင့်မရှိပါ။
  • Internet (၆)လ စာချုပ် /(၁)နှစ်စာချုပ်
    • (၆)လ စာချုပ်/ (၁)နှစ် စာချုပ်တွင် စပေါ်ငွေ ပေးဆောင်ရန်မလိုပါ။ စာချုပ်မပြည့်မှီ ယာယီလိုင်း ပိတ်သိမ်းလိုပါက ကျန်ရှိသော သက်တမ်းအတွက် ငွေပြန်အမ်းခြင်း၊ ရက်အစားထိုးပေးခြင်းများ ပြုလုပ်ပေးမည် မဟုတ်ပါ။
  • Internet လိုင်း အပြီးပိတ်သိမ်းရန် တောင်းဆိုချက်များအား သက်တမ်းမကုန်ခင် (၁)ပါတ်ကြိုတင်အကြောင်း ကြားပေးပါမည်။ အသုံးပြုမှု သက်တမ်းကုန်ဆုံးပြီး နောက်သက်တမ်းအတွက် သက်တမ်းမတိုးပဲ ယာယီ Internet ပိတ်မည်ဆိုပါက (၁)လပိတ်ခွင့်ရှိပြီး (၁)ပတ်ကြိုတင်အကြောင်းကြားပေးရပါမည်။
  • လိုင်းအပြီးပိတ်သိမ်းခြင်း ပြုလုပ်လိုပါက လက်ကျန်ကြွေးကျန်များကို တောင်းဆိုချက် မတိုင်မှီ ကြိုတင်ရှင်းလင်းပေးရမည် ဖြစ်ပါသည်။
  • ယခု mm-link ၏(FTTH) အိမ်သုံးဖိုင်ဘာ ဝန်ဆောင်မှုမှာ  SLA  (Service Level Agreement ) ပါဝင်ခြင်းမရှိပဲ Best သာဖြစ်သဖြင့် Network ကျပ်နေချိန် တပြိုင်တည်း သုံးစွဲသူများနေချိန်တွင် အမြန်နှုန်းအပြည့်မရခြင်းရှိနိုင်ပါသည်။ ဥပမာ-သုံးစွဲသူမှ မိမိဆန္ဒအရ ဝန်ဆောင်မှု သုံးစွဲထားခြင်းမရှိသည့် အချိန်ကာလအတွက် သော်လည်ကောင်း၊ သဘာဝဘေးအန္တရယ် ရုတ်တရက်  Accident ဖြစ်ပွားမှုကြောင့် ဝန်ဆောင်မှုပြတ်တောက်သွားသည့် အချိတ်ကာလအတွက် သော်လည်ကောင် ပေးဆောင်မည့် လစဉ်ငွေမှ လျှော့ပေးရန်၊ ပေးဆောင်ပြီးသားလစဉ်ငွေအား ပြန်အမ်းပေးရန်တောင်းဆိုမှုများအား ပြုလုပ်ခွင့်မရှိပါ။
  • FTTH ဝန်ဆောင်မှုသုံးစွဲရန် ရယူထားသော အမြန်နှုန်းအထိသာ သုံစွဲရန်သင့်တော်ပြီး သုံးစွဲသူမှ ရယူထားသော အမြန်နှုန်းထက် ပိုမိုအသုံးပြုခြင်းကြောင့် အင်တာနက် ဝန်ဆောင်မှု အရည်အသွေး ထိခိုက်မှုအတွက် mm-linkတွင် တာဝန်မရှိပါ။
  • FTTH ဝန်ဆောင်မှုသည် လစဉ်းကြေးကြိုတင်ကောက်ခံသော စနစ်ဖြစ်ပြီး ပေးဆောင်ထားသော လစဉ်ကြေးအား ပြန်အမ်းခြင်မျိုး မရရှိနိုင်ပါ။
  • နောက်ဆုံးငွေပေးဆောင်ရမည့်နေ့ ကျော်လွန်သည်အထိ ငွေပေးဆောင်ရန် ပျက်ကွက်ပါက FTTH ဝန်ဆောင်မှုအား ယာယီရပ်စဲမည် ဖြစ်ပါသည်။
  • Customer အိမ်တွင် တပ်ဆင်ထားသော Router အား အိမ်တွင်း (သို့မဟုတ်) အခြားနေရာသို့ နေရာပြောင်းရွှေ့လိုပါက mm-link office သို့ အကြောင်းကြားပေးရန်ဖြစ်ပြီး mm-link မှ Engineer များဖြင့် လာရောက် ပြောင်းရွှေ့ ပေးပါမည်။ ပြောင်းရွှေ့ခကို သက်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရပါမည်။ (မိမိအစီအစဉ်ဖြင့် နေရာပြောင်းရွှေ့ခြင်း မပြုလုပ်ရပါ)
  • Customer Name ပြောင်းလဲလိုပါက mm-link office သို့ဆက်သွယ်၍ ပြောင်းလဲနိုင်ပါသည်။